Google ClassroomGoogle Classroom - Interaktiva lektioner
GeoGebraGeoGebra Classroom - Interaktiva lektioner

Stem and leaf

stem and leaf ပုံစံသည် အချက်အလက်များကိုဖော်ပြရာတွင် ကိန်းတွဲများအနေနှင့်အသုံးပြုနိုင်သည်။ ထိုသို့အသုံးပြုရာတွင် သတ်မှတ်ချက်ထည့်သွင်းဖော်ပြပေးထားရသည်။ သို့မှသာလျှင် အခြားသူများက မိမိရေးသားထားသည့်ပုံကိုဖတ်နိုင်မည်ဖြစ်သည်။ GeoGebra ဖြင့်ဆွဲသားလိုပါက stemplot() command ဖြင့်ဆွဲသားပေးရမည်ဖြစ်သည်။ Stem and leaf plot ကိုဖတ်ခြင်း မျဉ်း၏လက်ဝဲဖက်တွင်ရှိသည့် ကိန်းသည် stem ဖြစ်ပြီး မျဉ်း၏ ညာဖက်တွင်ရှိသည့်ကိန်းသည် leaf ဖြစ်သည်။ Stem | leaf 1 | 1 2 2 3 2 | 0 1 ယင်းကိုဖတ်ရာတွင် ပြန်လည်ရရှိမည့် list တန်ဖိုးမှာ {11,12,12,13,20,21} ဖြစ်သည်။ ဆယ်ပြည့်ကိန်းများကိုသားမက ရာပြည့်ကိန်းမာျးကိုလည်းတွက်ချက်နိုင်သည်။ မှတ်ချက်။ ။ Python ဖြင့်ဆွဲသားလိုပါက stemgraphic(data) command ဖြင့်ဆွဲသားပေးရမည်ဖြစ်သည်။ R တွင် stem(data_set) ဖြင့်ဆွဲသားပေးရမည်ဖြစ်သည်။